ညောင်လေးပင်မြို့နယ်၌ ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးနှံပေး
ညောင်လေးပင် မေ ၃
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မေ ၃ ရက် နံနက်ပိုင်းက စံဖဲကျေးရွာရှိ ဒေသခံတောင်သူများအား
မွေးမြူရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို
ဆောင်ရွက်သည်။
ညောင်လေးပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ
မြို့နယ်ဦးစီးမှူး ဒေါက်တာမျိုးမင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက မွေးမြူသူ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ
မွေးမြူရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ပေးကြပြီး ဒေသခံတောင်သူများ
မွေးမြူထားသော ကျွဲ၊ နွားများအား ကူးစက်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)

No comments