ဂျပန်နိုင်ငံ၌ ယခုနှစ်အတွင်း ဝက်သက်ရောဂါဖြစ်ပွားသူ ၅၀၀ နီးပါးရှိလာ



မေ ၂၇

ဂျပန်နိုင်ငံ၌ ယခုနှစ်အတွင်း ဝက်သက်ရောဂါဖြစ်ပွားသူအရေအတွက် ၅၀၀ နီးပါးရှိရာ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး၂၀၁၉ ခုနှစ်ကာလက ဖြစ်ပွားမှု နီးပါးရှိလာကြောင်း ဖော်ပြထားသည်။

အဆိုပါဝက်သက်ရောဂါသည် လေမှတစ်ဆင့်ပျံ့နှံ့နိုင်သည့် အလွန်ကူးစက်တတ်သော ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ကာ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် အဖုအပိမ့်များထွက်ခြင်းတို့ကို ဖြစ်စေပြီး အသက်အန္တရာယ်ရှိနိုင်သည်ဟု သိရသည်။

ကျန်းမာရေးအင်စတီကျုက မေလ ၁၇ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း အစီရင်ခံတင်ပြထားသော ကူးစက်မှုအရေအတွက် ၁၇ ဦးရှိပြီး ယခုနှစ်အတွင်း စုစုပေါင်း ၄၉၈ ဦးအထိ ရှိလာကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရှိ လူနာ ၇၀ ရာခိုင်နှုန်းခန့်သည် နိုင်ငံအတွင်းသို့ သယ်ဆောင်လာသော ဗိုင်းရပ်စ်ကြောင့် ကူးစက်ခံခဲ့ရသည်ဟု ထိုအင်စတီကျုက ခန့်မှန်းထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံသည် ဝက်သက်ရောဂါကို ဖယ်ရှားနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်ဟု သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုးခြင်းသည် ရောဂါကူးစက်မှုကို ကာကွယ်ရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ကလေးများကို ပုံမှန်ကာကွယ်ဆေးထိုးရန် တောင်းဆိုထားပြီး ကာကွယ်ဆေးမထိုးရသေးသော ကလေးငယ်များအနီးရှိ လူများ၊ လေဆိပ်များတွင် အလုပ်လုပ်သူများနှင့် ခရီးသွားများနှင့် ထိတွေ့ဆက်ဆံရသူများလည်း ကာကွယ်ဆေးထိုးကြရန် ထိုဝန်ကြီးဌာနက အကြံပြုထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.