လှည်းကူးမြို့နယ်၌ တိရစ္ဆာန်ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်
လှည်းကူး မေ ၃
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အဝိုင်းအနောက်
ကျေးရွာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း
တိရစ္ဆာန်ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို
ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်
အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ကြပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
ဒေါက်တာဝါဝါအုန်းနှင့် ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက နွားမွေးမြူသူ
တောင်သူ ၁၈ ဦး၏ နွား ၁၅၁ ကောင်ကို ကျွဲနွားလည်ချောင်းကွဲ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း
သိရသည်။
အိရွှေစင်လတ်(ပြန်/ဆက်)

No comments