ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲ တက်ရောက်
တောင်ကြီး မေ ၂၁
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး
သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ အမှတ် (၁)
အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊
ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက “နိုင်ငံတော်
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊
အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ
ပညာသင်ကြားနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိသည့် ကျောင်းစာသင်ဆောင်များ၊ စာသင်ခန်းများနှင့်
သန့်စင်ခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

No comments