ဂျပန်နိုင်ငံ၌ ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဝက်ဝံနက်များ တွေ့ရှိမှု စံချိန်တင် မြင့်မားလာ
မေ ၁၂
ဂျပန်နိုင်ငံတစ်ဝန်း ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အာရှဝက်ဝံနက်များတွေ့ရှိမှု ၅၀၇၇၆ ကောင်ရှိပြီး ၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် ရရှိသောအချက်အလက်များနောက်ပိုင်း အမြင့်မားဆုံးအဆင့်ဖြစ်ကြောင်း အစိုးရ၏ အချက်အလက်များက ယမန်နေ့ကဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ ယခုနှစ် ဝက်ဝံနက်တွေ့ရှိမှုကိန်းဂဏန်းသည် ယခင်ဘဏ္ဍာရေးနှစ်တွင် ၂၀၅၁၃ ကောင် တွေ့ရှိမှုထက် ၂ ဒသမ ၅ ဆ မြင့်တက်လာခြင်းဖြစ်သည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။
ဝက်ဝံများပေါ်ထွက်လာမှု မြင့်တက်လာခြင်းသည် ဝက်သစ်ချသီးများ အပါအဝင် အစားအစာရင်းမြစ်များ ရှားပါးမှုကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံအရှေ့မြောက်ပိုင်းရှိ အာကီတာစီရင်စုသည် အာရှဝက်ဝံနက် ၁၃၅၉၂ ကောင်ဖြင့် အများဆုံး တွေ့ရှိမှု စံချိန်တင်ခဲ့ပြီး အိမ်နီးချင်း အီဝါတီစီရင်စုသည် ၉၇၃၉ ကောင်ဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။
ဝက်ဝံညိုများ အပါအဝင် တစ်နိုင်ငံလုံးတွင် ဖမ်းဆီးရမိသော ဝက်ဝံအရေအတွကစုစုပေါင်း ၁၄၇၂၀ ကောင်ဖြင့် စံချိန်သစ်တင်ခဲ့ပြီး အာကီတာစီရင်စုသည် ၂၆၉၀ ကောင်ဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။
၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်း ဝက်ဝံတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၃ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသေဆုံးသူ ၂၃၈ ဦးရှိခဲ့ကြောင်း ထိုဝန်ကြီးဌာန၏ အစောပိုင်းထုတ်ပြန်ခဲ့သော ကနဦးအချက်အလက်များအရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments