နေတန်ယာဟုက ဂါဇာဒေသ၏ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ရန် အစ္စရေးတပ်ဖွဲ့အား ညွှန်ကြား



မေ ၂၉

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဟားမတ်စ်အပေါ် ဖိအားပေးမှု တိုးမြှင့်ရန် ကြိုးပမ်းသည့်အနေဖြင့် ၎င်း၏တပ်ဖွဲ့အား ဂါဇာကမ်းမြောင်ဒေသ ထိန်းချုပ်မှုကို တိုးချဲ့ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

နေတန်ယာဟုက  ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ယမန်နေ့ကပြောကြားခဲ့ပြီး ၎င်း၏ညွှန်ကြားချက်မှာ ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်ဖြစ်သည်ဟု သိရသည်။

အမေရိကန်ဦးဆောင်သော ငြိမ်းချမ်းရေးအစီအစဉ်အပေါ် အခြေခံ၍ အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေးသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကအသက်ဝင်ခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေး စတင်ပြီးနောက်ပိုင်း လူပေါင်း ၉၂၂ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကပြောကြားခဲ့သည်။

အစ္စရေးတပ်ဖွဲ့သည် ဂါဇာတွင် ရံဖန်ရံခါ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်ဟု သိရသည်။

ငြိမ်းချမ်းရေးအစီအစဉ်တွင် အစ္စရေးတပ်များ ရုပ်သိမ်းခြင်းနှင့် ဟားမတ်စ်အား လက်နက်ဖြုတ်သိမ်းခြင်းတို့ ပါဝင်သည်။  သို့ရာတွင် ထိုအစီအစဉ်နှင့်ပတ်သက်၍ ကြီးကြီးမားမားတိုးတက်မှု မရှိသေးကြောင်း ဖော်ပြထားသည်။

ဂါဇာသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး ဒေသခံများစွာသည် ရွက်ဖျင်တဲများတွင် နေထိုင်နေရဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.