ရေတာရှည်မြို့နယ်၌ လူရည်ချွန်ဆုရှင်များအား ကြိုဆိုဂုဏ်ပြု
ရေတာရှည် မေ ၁၂
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၌
အပန်းဖြေလေ့လာရေးစခန်းမှ ပြန်လည်ရောက်ရှိလာသည့် လူရည်ချွန် ကျောင်းသား ကျောင်းသူများအား
ယမန်နေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ကြိုဆိုခဲ့သည်။
ရေတာရှည်မြို့နယ်၌ လူရည်ချွန်ရရှိသည့်
အထက(ရေတာရှည်) Grade-12 မှ မောင်ဥက္ကာဇော်နှင့် အထက(ရေနီ) Grade -10 မှ မယွန်းဝတီခိုင်တို့အား ရေတာရှည်မြို့နယ်ပညာရေးမှူး
ဒေါ်ခင်သက်ဦး၊ အထက ရေတာရှည်(ယာယီတာဝန်ခံ) ဆရာမကြီး ဒေါ်နုနုဝင်း၊ အထကရေနီ ကျောင်းအုပ်ဆရာမကြီး
ဒေါ်ကေသီဦးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့်
ရပ်မိရပ်ဖများက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး(၁၆၅)မိုင်တွင် သွားရောက်ကြိုဆိုကာ ပန်းကုံး၊
ပန်းစည်း၊ ဂုဏ်ပြုငွေများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments