ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် အကောက်ခွန်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ ကြည့်ရှုစစ်ဆေး




ရန်ကုန် မေ ၁၉

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်)၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ကြည့်ရှု စစ်ဆေးသည်။


ထို့နောက် ဗိုလ်တထောင်မြို့နယ်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၏ အဆောက်အအုံအကြီးစား ပြင်ဆင် ဆောင်ရွက်နေမှု၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် အဆောက်အအုံ ပြင်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုအားပေး

ယင်းနောက် အကောက်ခွန်ဦးစီးဌာန သင်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသည့် မြို့နယ်မှူးမွမ်းမံ သင်တန်း၊ ရုံးလုပ်ငန်းသုံးကွန်ပျူတာ မွမ်းမံသင်တန်းနှင့် ကုန်ပစ္စည်းအမျိုးအစားခွဲခြားမှုဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.