ဘိုင်ယန်မြူးနစ်အသင်း ဂျာမန်ပိုကယ်ဖလားဆွတ်ခူး



ဘိုင်ယန်မြူးနစ်အသင်းနဲ့ စတုဂတ်အသင်းတို့ မေ ၂၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန် ပိုကယ်ဖလားဗိုလ်လုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက သုံးဂိုးပြတ်ဖြင့် အနိုင်ရပြီး ဂျာမန်ပိုကယ် ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန်အတွင်း ဂိုးမသွင်းနိုင်ခဲ့ဘဲ ဘိုင်ယန်မြူးနစ်အသင်းက ဒုတိယပိုင်း အတွင်း တိုက်စစ်မှူးဟယ်ရီကိန်းသွင်းယူခဲ့တဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ သုံးဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါ တယ်။ ဟယ်ရီကိန်းအနေနဲ့ အခုပွဲစဉ်မှာ သုံးဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ယခုဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ပွဲစဉ် ၅၁ ပွဲမှာ သွင်းဂိုး ၆၁ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကတော့ ဂျာမန်ပိုကယ်ဖလားကို ၂၀၁၉-၂၀၂၀ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဂျာမန်ပိုကယ်ဖလားကို (၂၁)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ယခုဘောလုံးရာသီမှာ ဘွန်ဒက်လီဂါဖလားကို ရယူဆွတ်ခူးထားပြီး ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ဂျာမန်စူပါဖလားကို ရယူဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။                        

ငွေကြယ်

No comments

Powered by Blogger.