ဒိုက်ဦးမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်
ဒိုက်ဦး မေ ၃
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၌
နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် အသက် (၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်များကို
မေ ၃ ရက်က ဆင်စခန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ မြေပြင်ကွင်းဆင်း၍ One Stop
Service ဖြင့် နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းညွန့် ဦးဆောင်မှုဖြင့် ဝန်ထမ်းများပါဝင်သည့်အဖွဲ့က
ဆင်စခန်းကျေးရွာအတွင်းရှိ အသက် (၁၈) နှစ်ပြည့်ပြီးသူ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ
ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက် ရာနေရာသို့
ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သိင်္ဂီမြင့်ရည်နှင့် လွှတ်တော်ကိုယ်စားလှယ်များက
လာရောက်ကြည့်ရှုအားပေးရာ မြို့နယ်ဦးစီးမှူးက လုပ်ငန်းများ ဆောင်ရွက်ပုံအဆင့်ဆင့်အား
လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ဒိုက်ဦး)

No comments