ဂျပန်နိုင်ငံမြောက်ပိုင်း၌ ဝက်ဝံတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

 


မေ ၈

ဂျပန်နိုင်ငံမြောက်ပိုင်းတောင်တန်းများတွင် အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့သည့် အကြောင်းရင်းသည် ဝက်ဝံတိုက်ခိုက်မှုကြောင့်ဖြစ်နိုင်သည်ဟု သိရသည်။

အီဝါတီစီရင်စု ဟာချီမန်တိုင်မြို့ရှိ အသက် ၆၉ နှစ်အရွယ် ကူမာဂီချီယိုကိုသည် မေလ ၆ ရက်က တောင်ပေါ်တောအုပ်တစ်ခုသို့ သီးပင်စားပင်များသွားရောက်ခူးဆွတ်ပြီးနောက် ပျောက်ဆုံးသွားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

သူမ၏ကားရပ်ထားသည့် တောအုပ်တွင် ယနေ့နံနက်က ရှာဖွေမှုများစတင်ပြီး မကြာမီတွင် မြေပြင်ပေါ်တွင် ယင်းအမျိုးသမီး လဲလျောင်းနေသည်ကို ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမားများကတွေ့ရှိခဲ့သည်။

အဆိုပါအမျိုးသမီး၏ မျက်နှာနှင့် ဦးခေါင်းတွင် တိရစ္ဆာန်တစ်ကောင်၏ ခြေသည်းခြစ်ရာများကြောင့် ဒဏ်ရာများရရှိခဲ့ရာ ဝက်ဝံတိုက်ခိုက်မှုဖြစ်နိုင်ခြေရှိသဖြင့် ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.