ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် ပြင်းအား ၆ ဒသမ ၁ ပမာဏရှိသော ငလျင်လှုပ်ခတ်



မေ ၄

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းရှိ အရှေ့ဆာမာပြည်နယ်တွင် ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၀၉ မိနစ်တွင် ပြင်းအား ၆ ဒသမ ၁ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဗေဒအင်စတီကျုက ပြောကြားခဲ့သည်။

ငလျင်ဗဟိုချက်သည် အနက် ၁၀ ဒသမ ၀ ကီလိုမီတာရှိပြီး မြောက်လတ္တီတွဒ် ၁၁ ဒသမ ၇၆ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၁၂၅ ဒသမ ၃၇ ဒီဂရီတွင် ရှိကြောင်း အစောပိုင်းက ဆုံးဖြတ်ခဲ့သည်ဟု အင်စတီကျုက ပြောကြားခဲ့သည်။

ဒေသခံများသည် ပြင်ပနေရာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်သည် ပစိဖိတ် မီးကွင်း တစ်လျှောက်တွင် တည်ရှိသောကြောင့် ငလျင်လှုပ်ရှားမှုများ မကြာခဏ ကြုံတွေ့ရလေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.