အိန္ဒိယနိုင်ငံ၏ အပျော်စီးသင်္ဘောတိမ်းမှောက်မှုတွင် သေဆုံးသူဦးရေ ၁၃ ဦးအထိ မြင့်တက်လာ



မေ ၄

အိန္ဒိယနိုင်ငံအလယ်ပိုင်း မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အပျော်စီးသင်္ဘောတိမ်းမှောက်မှုတွင် သေဆုံးသူဦးရေ ၁၃ ဦးအထိ မြင့်တက်လာကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။

မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်၏ မြို့တော် ဘိုပါလ်မြို့၏ အရှေ့ဘက် ၃၄၀ ကီလိုမီတာခန့်အကွာ ဂျာဘာပူခရိုင်ရှိ ဘာဂီရေကာတာတွင် အပျော်စီးသင်္ဘောတိမ်းမှောက်ခဲ့သည်။ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ လူ ၂၈ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

ယမန်နေ့က ငါးနှစ်အရွယ်ကလေးတစ်ဦးနှင့် ၎င်း၏ဦးလေး ရုပ်အလောင်းများကို ရေပေါ်မျောနေသည်ကို တွေ့ရှိခဲ့ရာ သေဆုံးသူဦးရေ ၁၃ ဦးအထိ မြင့်တက်လာခဲ့သည်ဟု အကြီးတန်းရဲအရာရှိတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။

အစောပိုင်းက ဒေသခံခရီးသွား ၂၉ ဦးနှင့် သင်္ဘောသားနှစ်ဦးတို့ အပျော်စီးသင်္ဘောပေါ်တွင် လိုက်ပါသွားကြောင်း  တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဒေသခံမီဒီယာများ၏ပြောကြားချက်အရ လှေတက်ရာနေရာအနီးရှိ ပိတ်ထားသော စီစီတီဗီကင်မရာမှတ်တမ်းတွင် လှေဆီသို့ ဦးတည်သွားနေသော လူ ၄၃ ဦးကို ပြသထားကြောင်းနှင့် ယခုအချိန်အထိ ခရီးသွား ၄၁ ဦး၏ အမည်များကို အတည်ပြုပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.