မိုးညှင်းမြို့၌ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ စတင်ထုတ်ချေးပေး
မိုးညှင်း မေ ၁၃
ကချင်ပြည်နယ် မိုးညှင်းမြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
ခရိုင်ဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့နံနက် ၁၀
နာရီက ရွာသစ်ကုန်းကျေးရွာမှ တောင်သူ ၄၀ တို့၏ လယ်ယာမြေ ၂၀၂ ဧကအတွက် မိုးစပါးစိုက်တစ်ဧကလျှင်
ငွေကျပ် သုံးသိန်းနှုန်းဖြင့် ချေးငွေကျပ် စုစုပေါင်း ၆၀၆ သိန်းအား အဆိုပါဘဏ်ခွဲ၌ တာဝန်ရှိသူများက
ထုတ်ချေးပေးလျက်ရှိသည်။
မိုးညှင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်
ကျေးရွာအုပ်စု ၃၁ အုပ်စုမှ တောင်သူ ၆၀၆၄ ဦးအား မိုးစပါးစိုက် တစ်ဧကလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့်
မိုးစပါးစိုက်ပျိုးဧက ၄၂၃၅၀ အတွက် ချေးငွေစုစုပေါင်း ငွေကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းကျော်ကို
ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း အဆိုပါခရိုင်ဘဏ်ခွဲမှ သိရသည်။
ရွှေမိုးညှင်း

No comments