ကျိုက်ထိုမြို့နယ်၌ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ပြင်ဆင်
ကျိုက်ထို မေ ၁၇
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင်
သဘာဝဘေးအန္တရာယ်များ ကူညီကယ်ဆယ်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပစ္စည်းကိရိယာများ
အသင့်စုဖွဲ့ပြင်ဆင်ထားရှိခြင်းကို မေ ၁၅ ရက်က မြို့နယ်မီးသတ်ဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
ထိုသို့ပြင်ဆင်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ
ဦးစီးအရာရှိ ဦးရဲညွန့်ထွေး ဦးဆောင်ကာ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ၂၅ ဦးတို့က ရှာဖွေကယ်ဆယ်ရေးသုံး
ပစ္စည်းကိရိယာများကို စနစ်တကျစစ်ဆေးခြင်းနှင့် အရေးပေါ်အခြေအနေတွင် ချက်ချင်းထွက်ခွာနိုင်ရန်
အသင့်စုဖွဲ့ပြင်ဆင်ထားရှိခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ
ကျရောက်လာပါက ပြည်သူများ အသက်အိုးအိမ်စည်းစိမ်ကို အချိန်မီကာကွယ် စောင့်ရှောက်နိုင်ရန်အတွက်
ယခုကဲ့သို့ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိခြင်းဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)

No comments