ကျောက်ကြီးမြို့နယ်၌ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်

 


ကျောက်ကြီး မေ ၃

 

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

 

အဆိုပါဆောင်ရွက်မှုကို မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးနီဌေး ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မြို့နယ်အတွင်းရှိ ဘုရားစေတီတော်များတွင် ရေသပ္ပာယ်ခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်း၊ သောက်သုံးရေရရှိရန်ခက်ခဲသော နေရာများကို မီးသတ်ရေသယ်မော်တော်ယာဉ်ဖြင့် ပေးပို့လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်မှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.