စက်မှုဇုန်များ၌ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရေး ညှိနှိုင်းစည်းဝေး
ရန်ကုန် မေ ၂၄
စက်မှုဇုန်များတွင် လျှပ်စစ်ဓာတ်အား
ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး လုပ်ငန်းညှိနှိုင်း
အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လျှပ်စစ်မန်နေဂျာရုံး
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး
ကော်ပိုရေးရှင်းရုံးချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ် လျှပ်စစ်မန်နေဂျာရုံးများမှ
တာဝန်ရှိသူများ၊ လှိုင်သာယာ(အရှေ့)၊ လှိုင်သာယာ(အနောက်)၊ ရွှေလင်ဗန်း၊ ရွှေပြည်သာ၊
မင်္ဂလာဒုံမြို့နယ်များရှိ စက်မှုဇုန်ကော်မတီဝင်များ တက်ရောက်ကြသည်။
အဆိုပါလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင်
စက်မှုဇုန်များအတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုမရှိစေရေး၊
ဓာတ်အားပျောက်ဆုံးမှု မရှိစေရေးတို့အတွက် SAC ကြိုးများဖြင့် လဲလှယ်တပ်ဆင်ရေး၊ ဟောင်းနွမ်းဓာတ်အားလိုင်းတိုင်များ
လဲလှယ်ရေးစသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ချစ်ဆောင်(YESC)

No comments