ကွမ်းခြံကုန်းမြို့နယ်၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပ
ရန်ကုန် မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ဝက်ကိုက်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြာပွဲကို ယမန်နေ့က ပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှု အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အမှာစကားပြောကြာပြီး မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းက သဘာဝဘေးကြိုတင်ကာကွယ် ရေးအကြောင်း အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ ဝက်ကိုက်ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေး ဆရာမက အမျိုးသမီးများ မျိုးဆက်ပွားကျန်းမာရေးအကြောင်း၊ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း၏ အကျိုးဆက်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကြက်ဥ၊ ငှက်ပျောသီး၊ ကုလားပဲနှင့်ဆားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)

No comments