ဂျပန်နိုင်ငံ၌ ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထိရောက်ရှိကာ အလွန်ပူပြင်းသောနေ့အဖြစ်စံချိန်တင်



မေ ၁၉

ဂျပန်နိုင်ငံ၏ဒေသများတွင် မေ ၁၈ ရက်ကအပူချိန်များ မြင့်တက်လာခဲ့ပြီး ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ်  အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိကာ တတိယမြောက် အစောဆုံး အလွန်ပူပြင်းသောနေ့အဖြစ် စံချိန်တင်ကြောင်း မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။

နိုင်ငံ အနောက်တောင်ပိုင်း အိုအီတာစီရင်စုရှိ ဟီတာစီရင်စုနှင့် အနောက်ဘက် ဟိုယိုဂိုစီရင်စုရှိ တိုယိုကာစီရင်စုနှစ်ခုစလုံးတွင် ယခုနှစ်အတွင်း အမြင့်ဆုံး ၃၅ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ရှိကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ ဂျေအမ်အေ(JMA) က ပြောကြားခဲ့သည်။

ကျိုတိုစီရင်စုရှိ မီယာဇူးတွင် အပူချိန် ၃၄ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပြီး မေ ၁၉ ရက်တွင် အပူချိန်ဆက်လက်မြင့်မားနိုင်ဖွယ်ရှိသဖြင့် အပူနှင့်ဆက်စပ်သောရောဂါများကို သတိထားကြရန် ဂျေအမ်အေက တိုက်တွန်းထားသည်။


ဂျပန်နိုင်ငံတွင် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထိ သို့မဟုတ် ထို့ထက်ပိုသောနေ့များကို အလွန်ပူပြင်းသောနေ့အဖြစ် ရည်ညွှန်းကြောင်း ဖော်ပြထားပြီး ယင်းကဲ့သို့သော အပူဒဏ်ကို ပိုမိုစောစီးစွာ ခံစားခဲ့ရသည့် နှစ်များမှာ ၁၉၉၃ ခုနှစ် မေလ ၁၃ ရက်နှင့် ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်တို့ဖြစ်သည်ဟု သိရသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.