လက်ပံတန်းမြို့နယ်၌ စာသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
လက်ပံတန်း မေ ၁၃
ပဲခူးတိုင်းဒေသကြီး လက်ပံတန်း မြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် ခရိုင်စားသုံးသူရေးရာဦးစီး ဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက မြို့မစျေး၌ ထုတ်ကုန်လုံခြုံရေးဆိုင်ရာ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင် စာသုံးသူရေးရာဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးနိုင်လင်းထွန်း ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် လက်ပံတန်းမြို့မဈေးအတွင်း စားသောက်ကုန် အရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသည့် စာသုံးကုန်ပစ္စည်းများကို စားသုံး သူရေးရာကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု ရှိ/ မရှိ၊ ထုတ်လုပ်သည့် ရက်စွဲနှင့် ကုန်းဆုံးသည့်ရက်စွဲများပါရှိခြင်း ရှိ/မရှိ စစ်ဆေးပြီး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments