သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
ဂန့်ဂေါ မေ ၂၅
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်
အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့က ဂန့်ဂေါမြို့ ကျောတိုက်ရပ်ကွက်အတွင်း ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပိုးလောက်လမ်းမှတစ်ဆင့်
ခြင်ပေါက်ပွားမှု များပြားလာနိုင်သဖြင့် ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ တာယာဟောင်းများ၊
ရေပုံး၊ ရေအိုးများ၊ ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့်
ရေတိုင်ကီ၊ ကျောက်စည်ပိုင်းများနှင့် အုတ်ရေကန်များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းနှင့်
ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)

No comments