မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ပညာရပ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲများ ကျင်းပ
ရန်ကုန် မေ ၁၇
မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ် နှစ်(၃၀)ပြည့် ပုလဲရတုအထိမ်း အမှတ်အဖြစ် ကျင်းပလျက်ရှိသည့် Build Smart and Biggest Myanmar Production ကုန်စည် ပြပွဲအခမ်းအနားတွင် “Enginee- ring Technology& Construction Industry Developments Past, Present & Future”ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ ဆွေးနွေး ဟောပြောပွဲများကို ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ(YCC) ၌ ကျင်းပသည်။
ဆွေးနွေးဟောပြောပွဲ၌ မေ ၁၅ ရက်တွင် ဆရာ ဦးစောထွေးဇော် က “Engineering Technology & Construction Industry Developments Past, Present & Future” ခေါင်းစဉ်ဖြင့် ဟောပြောပြီး မေ ၁၆ ရက်တွင် အိမ်ခြံမြေအကြောင်း သိကောင်း စရာများကို မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်းကလည်းကောင်း ဟောပြောပို့ချကြသည်။
မေ ၁၇ ရက်တွင် “Geotechnical Engineering Property Roads” ခေါင်းစဉ်ဖြင့် ဆရာဦးညွန့်ဦးနှင့် “Developing Future - ready Skills in Myanmar Construction Sector”ခေါင်းစဉ်ဖြင့် ဆရာမ ဒေါ်ခင်မာအေးတို့က ဟောပြော ပို့ချမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းသူရ

No comments