မိတ္ထီလာမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
မိတ္ထီလာ မေ ၁၇
မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက်
ဝမ်းတော်ပြည့်တော်ချဲ့ရပ်ရှိ ဇမ္ဗူညွန့်ဓာတ်မြေဩဇာ သိုလှောင်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက်
မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိမှုကို စစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက်
အကြံပြုပြောကြားခြင်းများကို ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁ဝ နာရီတွင်
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)

No comments