ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ဧပြီလအတွင်း မတော်တဆမှုများကြောင့် ၅၆၃ ဦး သေဆုံး၊ ၁၂၇၉ ဦး ဒဏ်ရာရရှိ



မေ ၁၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်  ဧပြီလအတွင်း လမ်း၊ ရထားလမ်းနှင့် ရေလမ်းများ မတော်တဆမှုများကြောင့် စုစုပေါင်း ၅၆၃ ဦး သေဆုံးပြီး ၁၂၇၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ခရီးသည်များ သက်သာချောင်ချိရေးအသင်းဖြစ်သည့် ဘင်္ဂလားဒေ့ရှ် ဂျာထရီ ကယ်လ်ယန် ဆမိတီ၏ ပြောကြားချက်အရ ဧပြီလတစ်လလုံး လမ်းမတော်တဆမှုများကြောင့် သေဆုံးသူဦးရေ ၅၁၀ ရှိပြီး  ၁၂၆၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဧပြီလအတွင်း ရထားလမ်းဆိုင်ရာ မတော်တဆမှုများကြောင့် လူ ၄၉ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ရေလမ်းမတော်တဆမှုများကြောင့် လေးဦးသေဆုံးခဲ့ကြောင်း ထိုအသင်းက ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.