မင်းလှမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

 


မင်းလှ မေ ၇

 

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ခုနှစ် နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ဝက်လှကြီးကျေးရွာ တောင်သူဦးသန်းစိုး၏ ရေဆင်းပေါ်ဆန်း-၁ မျိုးစေ့ထုတ် စိုက်ခင်းလေးဧကတွင် ဆောင်ရွက်သည်။

 

မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများ ပူးပေါင်း၍ နွေစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့ရာ တစ်ဧကလျှင်အထွက်နှုန်း ၉၅ တင်း(အစိုအထွက်တင်း)ထွက်ရှိသည့် မင်းလှမြို့နယ်အနေဖြင့် နွေစပါးရာသီတွင် ရေဆင်းပေါ်ဆန်း စပါးဧက ၄၀ အား မျိုးစေ့ထုတ်စိုက်ပျိုးထားရှိပြီး မိုးစပါးတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများအား ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)

No comments

Powered by Blogger.