ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ




နေပြည်တော် မေ ၁၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ဆွေးနွေး

တွေ့ဆုံစဉ် အိန္ဒိယသမ္မတနိုင်ငံမှ အင်္ဂလိပ်ဘာသာသင်တန်း ဆရာများကို မြန်မာနိုင်ငံ၏ သတ်မှတ် တက္ကသိုလ်များတွင် ရေရှည်ခန့်ထားတာဝန်ပေးအပ်ရေး၊ ဆရာ ဆရာမ ၃၀ကို အင်္ဂလိပ် စာကျွမ်းကျင်မှု ကာလတိုသင်တန်းများ အိန္ဒိယတက္ကသိုလ်များ၌ တက်ရောက်နိုင်ရေးနှင့် ပညာရေးဒီဂရီ ကောလိပ်များမှ ဆရာ ဆရာမများအတွက် ပညာတော်သင်ဆုများ ချီးမြှင့်ပေးအပ်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးကြသည်။


တက်ရောက်

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.