ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရန်ကုန်တိုင်းဒေသကြီးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ
နေပြည်တော် မေ ၁၉
စက်မှုနှင့်အသေးစား၊
အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ချာလီသန်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေ သည့် ဝန်ထမ်းများနှင့်
ယနေ့နံနက်ပိုင်းတွင် ဆေးဝါးစက်ရုံ(အင်းစိန်)၌ တွေ့ဆုံသည်။
ရှင်းလင်းတင်ပြ
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအရဝန်ကြီးဌာနအသီးသီးကို
ဘဏ္ဍာရန်ပုံငွေများ သတ်မှတ်ခွဲဝေထား ပြီးဖြစ်သဖြင့် သက်ဆိုင်ရာဦးစီး/လုပ်ငန်းများအနေဖြင့်ရရှိသည့်
ဘဏ္ဍာရန်ပုံငွေများကို အလေအလွင့် မရှိအောင်နှင့် အကျိုးရှိထိရောက်စွာသုံးစွဲနိုင်ရေးတို့အတွက်
အစီအမံများ ချမှတ်ဆောင်ရွက်ရန် လိုအပ်သလို ဘဏ္ဍာရန်ပုံငွေများကို သတ်မှတ်ပြဋ္ဌာန်းထားသည့်
ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ အသုံးပြုသွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကို
ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ
စည်းကမ်းကျနစွာဖြင့် ရိုးရိုးသားသား နေထိုင်ကျင့်ကြံဆောင်ရွက်သွားကြရန် မှာကြားသည်။
ထို့နောက် တာဝန်ရှိသူများနှင့်စက်ရုံမှူးများက
လုပ်ငန်းဆောင်ရွက်မှုများအပေါ် ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments