ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှု ပထမငါးလအတွင်း ၁၆ ရာခိုင်နှုန်း မြင့်တက်
မေ ၂၅
ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုဝင်ငွေသည် ယခုနှစ် ပထမငါးလအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၇ ဘီလီယံကျော်လွန်ခဲ့ပြီး ယခင်နှစ်ကထက် ၁၆ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ဗီယက်နမ်သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။
တရုတ်၊ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ဇန်နဝါရီလမှ မေလအတွင်း ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်သွင်းမှု အများဆုံးနိုင်ငံများအဖြစ် ဆက်လက်တည်ရှိလျက် ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
နယ်သာလန်၊ ဂျာမနီနှင့် မလေးရှားနိုင်ငံတို့အပါအဝင် ဈေးကွက်များသို့ တင်ပို့မှုများတိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ရှေ့လများတွင် ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုများသည် တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments