တောင်ဥက္ကလာပမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
ရန်ကုန် မေ ၃
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၌
ရက်(၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသားစိစစ်ရေးကတ်
ပြုလုပ်ပေးခြင်းနှင့် UID ကတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၄)ရပ်ကွက်
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးအောင် ဦးဆောင်သည့် ဝန်ထမ်းများက
အမှတ်(၄)ရပ်ကွက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းနှင့် Biometric
ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။
အဆိုပါကွင်းဆင်းရာသို့ တောင်ဥက္ကလာပမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်တို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments