သီပေါမြို့နယ်၌ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်များ စတင်ထုတ်ချေး

 



သီပေါ မေ ၁၃


ရှမ်းပြည်နယ် ( မြောက်ပိုင်း ) သီပေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲမှ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ တောင်သူ များအား၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များ စတင်ထုတ်ချေးပေးလျက်ရှိသည်။


သီပေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယမန်နေ့ နံနက်ပိုင်းတွင် စံဖိတ်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ၂၁ ဦး၏ စပါး ၆၂ ဧက၊ ပြောင်း ၁၂ ဧက စိုက်ပျိုးရန်အတွက် မိုးရာသီချေးငွေကျပ် ၂၁၆ သိန်း ကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်းနှင့် ကျန်ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.