သာပေါင်းမြို့နယ်၌ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကျင်းပ

 


သာပေါင်း မေ ၆

 

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်၌ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်အေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အမှာစကားပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျင်သိန်း၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်တို့က အစိုးရသစ် ရက်(၁၀၀)စီမံချက်အောင်မြင်ရေး လွှတ်တော်ဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဌာနဆိုင်ရာကိစ္စရပ်များအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး ဌာန ၁၂ ခုတို့အား စီမံကိန်းတာဝန်များ ပေးအပ်ကြသည်။

 

ထို့နောက် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀ လုံး ပြိုကျပျက်စီးဆုံးရှုံးရပြီး နေအိမ် ၂၁ လုံး အမိုးလန်ပျက်စီးခဲ့ကြသည့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကယ်ဆယ်ရေးပစ္စည်းပုံးများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြကြောင်း သိရသည်။

သာပေါင်း(ပြန်/ဆက်)

No comments

Powered by Blogger.