တာမွေမြို့နယ်၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေး
ရန်ကုန် မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ စီစဉ်မှုဖြင့် အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)တို့ ပူးပေါင်း၍ မေ ၁၄ ရက်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲကို အဆိုပါအသင်းရုံး မေတ္တာစံအိမ် ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုဥက္ကဋ္ဌ ဦးစံရှိန်က အမှာစကားပြောကြားပြီး အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)မှ ရဲအုပ် ကျော်စွာမြင့်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်(တာမွေ)

No comments