ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ ကျင်းပ
ရန်ကုန် မေ ၆
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်
ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊
ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်က
မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်များ၊ ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်၊ မူဝါဒများကို
လုပ်ငန်းလမ်းညွှန်အဖြစ် အလေးအနက်ခံယူပြီး ဟန်ချက်ညီညီ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း
ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများ၊
ဌာနဆိုင်ရာများ၊ တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊
ဗိုလ်တထောင်၊ ဒဂုံမြို့သစ်၊ သန်လျင်၊ တွံတေး၊ ကျောက်တံတား၊ အလုံ၊ မရမ်းကုန်းနှင့် ကမာရွတ်ခရိုင်တို့မှ
ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများကို ဒေသန္တရ စီမံကိန်းတာဝန်များ
ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)

No comments