ရခိုင်ပြည်နယ် ဝန်ကြီးချုပ် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

 


စစ်တွေ မေ ၂၆

 

မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သစ်တောဦးစီးဌာနအနေဖြင့် တစ်အုပ်တစ်မ ထင်းစိုက်ခင်းများ စိုက်ပျိုးနိုင်ရန် စီမံဆောင်ရွက်ထားကြစေလိုကြောင်း၊ မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် စိုက်ပျိုးထားသော အပင်များ ဖြစ်ထွန်းကြီးထွားနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် စိုက်ပျိုးပြီးအပင်များ ရှင်သန်ကြီးထွားနိုင်ရန်အတွက် အောက်ခြေရှင်းအလင်းဖွင့်ခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်သစ်တောဦးစီးဌာန ဦးစီးမှူးက မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ပတ်သက်၍ လည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက မိုးရာသီပန်း အလှပင်များ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.