ရန်ကင်းမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
ရန်ကင်း မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၆ ရက် နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်သီတာစံက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး ကျောင်းသား ကျောင်းသူများအတွက် အခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက လှူဒါန်းသောကျောင်း ရန်ပုံငွေများကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲလေး(ပြန်/ဆက်)

No comments