ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါဖြစ်ပွားမှုကြောင့် လူ ၁၀၀ ထက်မနည်းသေဆုံး
မေ ၁၉
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါဖြစ်ပွားမှုကြောင့် လူ ၁၀၀ ထက်မနည်း သေဆုံးကြောင်း ဖော်ပြထားသည်။
ဘီဘီစီ၏ပြောကြားချက်အရ အာဖရိကရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာနက ကွန်ဂိုတွင် အီဘိုလာသံသယရှိသူ ၃၉၀ ကျော်ရှိကြောင်း ပြောကြားခဲ့သည်။
အီတူရီပြည်နယ် အရှေ့မြောက်ပိုင်းတွင် ယင်းရောဂါဖြစ်ပွားမှုကို အတည်ပြုခဲ့သည်။ ပြည်နယ်တွင် မကြာသေးမီက အတည်ပြုထားသော ရောဂါဖြစ်ပွားမှုများတွင် အမေရိကန်ဆရာဝန်တစ်ဦးပါဝင်ကြောင်း ကွန်ဂိုတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အိမ်နီးချင်းယူဂန်ဒါတွင်လည်း တစ်ဦးသေဆုံးကြောင်း ဖော်ပြခဲ့ပြီး ထိရောက်သောကာကွယ်ဆေးမရှိသော Bundibugyo အီဘိုလာမျိုးကွဲကို လူနာများတွင် တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယင်းရောဂါဖြစ်ပွားမှုကို နိုင်ငံတကာစိုးရိမ်မှုရှိသော ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သော်လည်း ၎င်းသည် ကပ်ရောဂါ၏ စံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments