အင်ဒိုနီးရှားနိုင်ငံဆူမားတြားကျွန်းတွင် ဘတ်စ်ကားနှင့် လောင်စာဆီတင်ယာဉ်တိုက်မိသဖြင့် ၁၆ ဦး ထက်မနည်း သေဆုံး



မေ  ၇

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရှိ အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် မြို့တွင်းဘတ်စ်ကားတစ်စီးနှင့် လောင်စာဆီတင်ယာဉ်တို့တိုက်မိရာ လူ ၁၆ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက ပြောကြားခဲ့သည်။

တောင်ဆူမားတြားပြည်နယ် ကရန်ဂျာယာခရိုင်ရှိ ဆူမားတြားအဝေးပြေးလမ်းမကြီးပေါ်တွင် ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ ၃၉ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းမီဒီယာ Jakarta Globe တွင်းဖော်ပြထားသည်။

ထိခိုက်ဒဏ်ရာရသူများကို ရွှေ့ပြောင်းရန် အရေးပေါ်အဖွဲ့များကို ချက်ချင်းစေလွှတ်ခဲ့ကြောင်းနှင့် ဒဏ်ရာရသူအများစုသည် အပျက်အစီးများအတွင်း ပိတ်မိနေခဲ့ကြောင်း ဒေသတွင်း ဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီ ဘီပီဘီဒီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.