နော်တင်ဟမ်ဖောရက်စ်အသင်းကို မန်ယူအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရ
မန်ယူအသင်းနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့ မေ ၁၇ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့
ပရီမီယာလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက အနိုင်ရပြီး အမှတ်ပေးဇယား တတိယနေရာမှာ ဆက်လက်ရပ်နိုင်ခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ မန်ယူအသင်းက နော်တင်ဟမ်ဖောရက်စ် အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး
မန်ယူအသင်းအတွက် သွင်းဂိုးတွေကို လုရှောက
တစ်ဂိုး၊ ကွန်ဟာက တစ်ဂိုး၊ အမ်ဘူမိုက တစ်ဂိုး
သွင်းယူပေးခဲ့ကာ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် သွင်းဂိုးတွေကိုတော့ မိုရာတိုက
တစ်ဂိုး၊ ဂစ်ဘ်ဝှိုက်က တစ်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အခုပွဲစဉ်မှာ တိုက်စစ်မှူး အမ်ဘူမို ဂိုးသွင်းယူနိုင်ရေး ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့
ကွင်းလယ်ကစားသမား ဘရူနိုဖာနန် ဒက်စ်ဟာ တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အကြိမ်ရေ ၂၀ အထိ ရှိသွားခဲ့ပြီဖြစ်ပြီး အရင်က စံချိန်တင်ခဲ့တဲ့ ဟင်နရီနဲ့ ဒီဘရိုင်း
တို့ရဲ့ ဂိုးဖန်တီးမှုအကြိမ်ရေ ၂၀ ကို လိုက်မီ သွားခဲ့ပြီ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ရရှိ ခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်
(၃၇) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၆၈
မှတ်စုဆောင်းနိုင်ခဲ့ကာ အမှတ်ပေးဇယား
တတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့ တာကြောင့် ရမှတ် ၄၃ မှတ်နဲ့ ပရီမီယာလိဂ်အမှတ်ပေးဇယားအဆင့်
၁၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်

No comments