တောင်တွင်းကြီးမြို့နယ်၌ မြေငှားဂရန်ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်
တောင်တွင်းကြီး မေ ၁၂
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီး မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မြေငှား ဂရန်ထုတ်ပေးနိုင်ရေး မြေပြင် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ညောင်ပင်လှအုပ်စု နတ်စဉ်ကုန်း ကျေးရွာ၌ ဆောင်ရွက်သည်။
ဦးစွာ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်အဆင့် ကျေးရွာ မြေငှားဂရန်ထုတ်ပေး နိုင်ရေးလုပ်ငန်းအဖွဲ့က မြေငှားဂရန် လျှောက်ထားခွင့် ရှိသူများနှင့် ကနဦးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကျေးရွာတာဝန်ရှိသူများအား ဆွေးနွေးပြောကြားပြီး ကျေးရွာမြေငှားဂရန် လျှောက်ထားမည့် မြေနေရာများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)

No comments