အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉) သင်တန်းစခန်းအလိုက်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

 




နေပြည်တော် မေ ၁၉


အခြေခံ လေကြောင်းလူငယ် သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၉) သင်တန်းသားများသည် ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ ဒုတိယနေ့အဖြစ် သင်တန်းစခန်းအလိုက် ပြိုင်ပွဲများ ဆက်လက်ကျင်းပသည်။



နံနက်ပိုင်းတွင် RC လေယာဉ် မောင်းပြိုင်ပွဲကို ကျင်းပရာ မြန်မာပြည်မြောက်ပိုင်း သင်တန်း စခန်း၊ မြန်မာပြည်တောင်ပိုင်း သင်တန်းစခန်း၊ ရန်ကုန်သင်တန်း စခန်း၊ မော်လမြိုင်သင်တန်း စခန်း၊ မြစ်ကြီးနားသင်တန်းစခန်း၊ နမ့်စန် သင်တန်းစခန်း၊ တောင်ကြီး သင်တန်းစခန်း၊ တောင်ငူ သင်တန်းစခန်း၊ လွိုင်ကော် သင်တန်းစခန်း၊ မြိတ်သင်တန်းစခန်း၊ မကွေး သင်တန်းစခန်း၊ မုံရွာ သင်တန်း စခန်း၊ ဟုမ္မလင်းသင်တန်းစခန်း၊ ပုသိမ်သင်တန်းစခန်း၊ မိတ္ထီလာ သင်တန်းစခန်း၊ နေပြည်တော် သင်တန်းစခန်း၊ ကျိုင်းတုံ သင်တန်းစခန်း၊ ပြည်သင်တန်း စခန်း၊ မန္တလေးသင်တန်းစခန်းနှင့် ကိုကိုးကျွန်း သင်တန်းစခန်း စသည့် သင်တန်းစခန်း ၂၀ မှ သင်တန်းသားများ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။


မွန်းလွဲပိုင်းတွင် စစ်ကြောရေး နှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ RC ရဟတ်ယာဉ် မောင်းပြိုင်ပွဲများကို ဆက်လက် ကျင်းပသည်။


လေကြောင်းလူငယ် သင်တန်းသားများအနေဖြင့် ပျံသန်းမှုဆိုင်ရာ အခြေခံသဘောတရားများ၊ လေယာဉ်/ရဟတ်ယာဉ်များ၏ တည်ဆောက်ပုံဆိုင်ရာ အခြေခံ သဘောတရားများကို သိရှိစေရန် ရည်ရွယ်၍ အဆိုပါပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်းနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ သင်တန်းစခန်းအသီးသီးမှ အုပ်ချုပ်သူနည်းပြများ၊ ဆရာ ဆရာမများနှင့် သင်တန်းသားများက တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.