ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း
နေပြည်တော် မေ ၁၉
ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိ သူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို စိမ်းလန်းစိုပြည် သောမြို့ပြ (Green City)၊ သန့်ရှင်း သပ်ရပ်သော မြို့ပြ (Clean City) နှင့် ခေတ်မီနည်းပညာအခြေပြု စမတ်မြို့ပြ (Smart City) အဖြစ် ဘက်စုံကဏ္ဍစုံမှ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက ကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)

No comments