ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းပြုလုပ်

 


မော်လမြိုင် မေ ၃၁

 

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိကြသော ဥပဒေအရာရှိများအတွက် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းအခမ်းအနားကို ယမန်နေ့က ကျင်းပသည်။

 

ဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်က ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အမှာစကားပြောကြားသည်။

 

ထို့နောက် မွန်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိကြသော ဥပဒေအရာရှိများအား ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ မေးမြန်းခြင်းကို မွန်ပြည်နယ်ဥပဒေချုပ်ရုံး၊ မွန်ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ဥပဒေရုံးရှိ ဥပဒေအရာရှိများအား သက်ဆိုင်ရာကျင့်ဝတ် ကြီးကြပ်ရေးအဖွဲ့များက မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)

No comments

Powered by Blogger.