စစ်ကိုင်းခရိုင်အတွင်း ကျောင်းအပ်နှံမှု တိုးတက်လာစေရေးနှင့် တန်းစဉ်ကူးပြောင်းမှု တိုးတက်လာစေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
မုံရွာ မေ ၁၉
စစ်ကိုင်းခရိုင်အတွင်း
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံမှု ပိုမို တိုးတက်မြင့်မားလာစေရေးနှင့်
တန်းစဉ်ကူးပြောင်းမှု ပိုမိုတိုးတက်လာစေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်
စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊
ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ပညာရေးမှူး
များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ
တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က
အမှာစကားပြောကြားပြီး ပညာရေးမှူးများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း
ကျောင်းအပ်နှံမှု ပိုမိုတိုးတက်မြင့်မား လာစေရေးနှင့် တန်းစဉ်ကူးပြောင်းမှု ပိုမိုတိုးတက်လာစေရေး
ကြိုတင်စီမံဆောင်ရွက်ထားရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက်
တက်ရောက်လာသူများက ဆွေးနွေး တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး
နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments