မိုးညိုမြို့နယ်၌ မျိုးစေ့ပေးအပ်ပွဲနှင့် သဘာဝမြေဆွေးပြုလုပ်ခြင်းပြသ
မိုးညို မေ ၆
ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မိသားစုတစ်အိမ်ထောင်စာ စားသုံးနိုင်ရေး
တစ်ပိုင်တစ်နိုင်စိုက်ပျိုးရန် မျိုးစေ့ပေးအပ်ပွဲနှင့် EM ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်၍
လက်တွေ့ပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်က အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန
ဦးစီးမှူး ဒေါ်သီတာဦးက သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများ၊ နွားကျင်ငယ်ရည်ရွက်ဖျန်းမြေဩဇာ
ပြုလုပ်သုံးစွဲ နည်းများနှင့် ရေတော်မိုးတော် အုပ်စု ၃၀ တွင် EM ဘိုကာရှီ ဧက၂၅၀၀၀ စာ
ပြုလုပ်သုံးစွဲနိုင်ရေး ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်
တောင်သူများအား တစ်ပိုင်တစ်နိုင် Home Gardening စိုက်ပျိုးရန် မျိုးစေ့ ၁၀ မျိုးကိုပေးအပ်ပြီး
EMဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်ပုံ အဆင့်ဆင့်ကို လက်တွေ့ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)

No comments