မူဆယ်မြို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

 


မူဆယ် မေ ၃

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရားရေသပ္ပာယ်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မူဆယ်မြို့ လွယ်တိန်ခမ်း တောင်ပေါ်ရှိ ရေကျောက်စေတီနှင့် သီရိရတနာစိမ်းပန်းခြံ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

 

မူဆယ်ခရိုင် မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်းတိုး ဦးဆောင်၍ ခရိုင်နှင့် မြို့နယ်သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၂၀၊ မိသားစုဝင် ၂၀ နှင့် မြို့ပေါ်ကိုးရပ်ကွက်မှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ တို့က လွယ်တိန်ခမ်းတောင်ပေါ်တွင် တည်ထားကိုးကွယ်သည့် ရေကျောက်စေတီအား ရေသပ္ပာယ်ခြင်းနှင့် သီရိရတနာစိမ်းပန်းခြံအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.