မက်ဒရစ်အိုးပင်းဖလား ယူကရိန်းတင်းနစ်မယ်ကော့ကျုခ် ဆွတ်ခူး



မေ ၂ ရက်က ကျင်းပခဲ့သည့် မက်ဒရစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ယူကရိန်းတင်းနစ်မယ် မာတာကော့စ်ကျုခ်က နာမည်ကြီး ရုရှားတင်းနစ်မယ် မေရာအန်ဒရေဗာကို ၆-၃၊ ၇-၅ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သည်။

အန်ဒရေဗာသည် ပြိုင်ပွဲတစ်လျှောက်တွင် ဘွန်ဒါ၊ ဖာနန် ဒက်စ်၊ ဘက်တစ်စတေးစသည့် နာမည်ကြီး တင်းနစ်မယ်များကို အဆင့်ဆင့်ကျော်ဖြတ်အနိုင်ယူကာ ဗိုလ်လုပွဲသို့  တက်လှမ်းနိုင်ခဲ့သော်လည်း  ပြိုင်ဘက်တင်းနစ်မယ်   ကော့စ်ကျုခ်ကို  ရှုံးနိမ့်ခဲ့သည့်အတွက်  ဖလားဆွတ်ခူးခွင့်   လွဲချော်ခဲ့သည်။   ၎င်းသည်   ပြီးခဲ့သည့်လက    ကျင်းပခဲ့သည့်   လင့်ဇ်အိုးပင်းပြိုင်ပွဲ   ဗိုလ်လုပွဲတွင်  ဩစတြီးယား တင်းနစ်မယ် ပိုတာပိုဗာကို အနိုင်ယူကျော်ဖြတ်ပြီး ဖလားဆွတ်ခူးထားသည်။

ကမ္ဘာ့အဆင့် (၂၃) ရှိ ကော့စ်ကျုခ်သည် မက်ဒရစ်အိုးပင်းဖလားကို ဆွတ်ခူးနိုင်ခြင်းမှာ ဒဗလျူတီအေ ၁၀၀၀ အဆင့်ရှိ ပြိုင်ပွဲများတွင် ပထမဆုံးအကြိမ် အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၎င်း သည် မက်ဒရစ်အိုးပင်းဖလားကို ကမ္ဘာ့အဆင့်(၂၀) ပြင်ပမှ ဆွတ်ခူးနိုင်သည့် ဒုတိယမြောက် တင်းနစ်မယ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မိုးဇက်

No comments

Powered by Blogger.