မလေးရှားနိုင်ငံ၌ ယခုနှစ်ပထမသုံးလပတ်တွင် အလုပ်လက်မဲ့နှုန်း ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်း
မေ ၁၂
မလေးရှားနိုင်ငံ၌၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် အလုပ်လက်မဲ့နှုန်းသည် ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ယနေ့တွင် အချက်အလက်ဖော်ပြထားသည်။
အဆိုပါအလုပ်လက်မဲ့ဦးရေ ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပြီး ၅၀၆၅၀၀ ဦးသာ ရှိတော့ပြီး ယခင်သုံးလပတ်က ၃ ရာခိုင်နှုန်းမှ ၀ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း မလေးရှားစာရင်းအင်းဌာနက ကြေညာချက်တစ်စောင်တွင် ဖော်ပြခဲ့သည်။
အလုပ်သမားအင်အား ၀ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ၁၇ ဒသမ ၂၃ သန်းအထိ ရှိလာကာ အလုပ်ရှိသူဦးရေသည်လည်း ၀ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ၁၆ ဒသမ ၇၃ သန်းအထိ ရှိလာသည်ဟု သိရသည်။
အလုပ်သမားအင်အား ပါဝင်မှုနှုန်းသည်လည်း ယခင်သုံးလပတ်နှင့် ပြောင်းလဲမှုမရှိ ၇၀ ဒသမ ၉ ရာခိုင်နှုန်းတွင် တည်ငြိမ်နေကြောင်း ဖော်ပြထားသည်။
မလေးရှား၏အလုပ်သမားဈေးကွက်သည် ခိုင်မာသော ပြည်တွင်းအခြေခံစီးပွားရေးအခြေအနေများနှင့် ဆက်လက်ဖြစ်ပေါ်နေသော စီးပွားရေးဖွဲ့စည်းပုံ အပြောင်းအလဲများကြောင့် လာမည့်လများတွင် ယေဘုယျအားဖြင့် တည်ငြိမ်နေမည်ဟု စာရင်းအင်းဌာနက မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments