ပြင်ဦးလွင်မြို့ ဘက်စုံသားဖွားသင်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
ပြင်ဦးလွင် မေ ၂၆
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘက်စုံသားဖွားသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော
လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ရှိ ဘက်စုံသားဖွား သင်တန်းကျောင်းတွင်
ကျင်းပသည်။
ဦးစွာ ပြင်ဦးလွင်မြို့ ခုတင် ၃၀၀ ဆံ့
ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက လူငယ်စကားဝိုင်းကျင်းပရခြင်း
ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ
ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွှေမိုးသူဇာ၊ ပြင်ဦးလွင်မြို့ ခုတင်
၃၀၀ ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိနှင့် ဗမာစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ
စာရေးဆရာ ကိုရွှေအောင်သင်းတို့က Moderator အဖြစ် ဆောင်ရွက်ပြီး ဘက်စုံသားဖွားသင်တန်းကျောင်းမှ
သင်တန်းသူများက ဦးဆောင်းအပ်နှင်းခြင်းဆိုင်ရာ အကြောင်းအရာများနှင့် အပ်နှင်းရသည့် ရည်ရွယ်ချက်ကို
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments