ကမမောင်းမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
ကမမောင်း မေ ၄
ကရင်ပြည်နယ် ကမမောင်းမြို့ အမှတ်(၄)ရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး
ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများက ဒေသခံ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့်
နိုင်ငံသားစိစစ်ရေးကတ်များ အသစ်ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံး/ ပျက်စီးမှုရှိပါက မိတ္တူပြုလုပ်ပေးခြင်း၊
အသက် ၁၀ နှစ်နှင့်အထက် မှတ်ပုံတင်အသစ် ပြုလုပ်ပေးခြင်း၊ အသက် ၁၈ နှစ်ပြည့်လဲလှယ်ခြင်းတို့ကို
ကွင်းဆင်းဆောင်ရွက်ပေးသည်။
အဆိုပါ ဆောင်ရွက်ပေးနေမှုများကို ဖာပွန်မြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ထွန်း၊
ဖာပွန်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအေးမင်း၊ ဖာပွန်မြို့နယ်
လဝကဦးစီးမှူး ဦးဝင်းနိုင်ဦး၊ ကမမောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦးတို့က ကြည့်ရှုအားပေးခဲ့ကြောင်း
သိရသည်။
ကမမောင်း(ပြန်/ဆက်)

No comments