ဘုတ်ပြင်းမြို့နယ်၌ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
ဘုတ်ပြင်း မေ ၃
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌
ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ပြည်သူများအတွက် ပထမရက်(၁၀၀) ဦးစားပေး လုပ်ငန်းများအနေဖြင့်
မေ ၃ ရက်မှစတင်၍ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက
အုန်းတောကမ်းကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ဘုတ်ပြင်းမြို့နယ် မြို့နယ်ဆရာဝန်ကြီး
ဒေါက်တာထွန်းထွန်းကျော် ဦးဆောင်၍ သူနာပြုဆရာမများ၊ အထောက်အကူပြုအဖွဲ့များပါဝင်သည့်
ကွင်းဆင်းဆေးအဖွဲ့သည် အုန်းတောကမ်းကျေးရွာအုပ်စုရှိ ကျေးရွာ ငါးရွာမှ အထွေထွေရောဂါလူနာ
၄၂ ဦး၊ ခွဲစိတ်ရောဂါဆိုင်ရာကိုးဦး၊ ကလေးလူနာခြောက်ဦး၊
သားဖွားမီးယပ်ရောဂါဆိုင်ရာလူနာသုံးဦး၊ အရေပြားဆိုင်ရာလူနာနှစ်ဦး စုစုပေါင်းပြည်သူ ၆၂
ဦးအား စမ်းသပ်ကုသမှုများကို အခမဲ့ ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ
၁၃၀၉ ဦးအား သွေးတိုးနှင့် ဆီးချိုရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် သက်ဆိုင်သည့် ကျန်းမာရေးပညာပေးဟောပြောခြင်း၊
ကျန်းမာရေးကော်မတီဖွဲ့စည်းခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ကာကွယ်ဆေး
ထိုးနှံတိုက်ကျွေးခြင်း၊ တာရှည်ခံဆေးစိမ်ခြင်ထောင်များကို ပြည်သူများ လက်ဝယ်အရောက်
ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments